Computer University(Lashio)

ကွန်ပျူတာတက္ကသိုလ်(လားရှိုး) ကွန်ပျူတာတက္ကသိုလ်(လားရှိုး) Computer University(Lashio) ကွန်ပျူတာတက္ကသိုလ်(လားရှိုး) Computer University(Lashio) ကွန်ပျူတာတက္ကသိုလ်(လားရှိုး)

Friday, April 8, 2016

မြန်မာတို့ အင်္ဂလိပ်ဘာသာစကား ဘာကြောင့် တတ်သင့်၊ ပြောသင့်တာလဲ

ကျွန်တော်တို့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ အင်္ဂလိပ်ဘာသာစကားဟာ မဖြစ်မနေ ပြောတတ်ရမယ့် စကားတစ်ခု ဖြစ်လာ ပါတယ်။ အင်္ဂလိပ်စကားမှ မပြောတတ်ရင် အလုပ်ကောင်းကောင်း တစ်ခုရဖို့ဆိုတာ မလွယ်တော့ပါဘူး။ အထူးသဖြင့် နိုင်ငံခြားသားတွေနဲ့ ဆက်ဆံပြောဆိုရမယ့် အလုပ်အမျိုးအစားတွေဆိုရင် အင်္ဂလိပ်ဘာသာစကားဟာ မဖြစ်မနေ တတ်ရန် လိုအပ် ပါတယ်။ အင်္ဂလိပ်လိုပြောတတ်တဲ့ဆိုတာ အဆင့်ဆင့် ရှိပါတယ်။ ပထမ တစ်ဆင့်ကတော့ Yes နဲ့ No ကိုသာ ပြောတတ်ခြင်းပါ။ တစ်ဖက်က ပြောတာကို ၄၀ ရာခိုင်နှုန်းလောက်နားလည်ပြီး Yes နဲ့ No သာ ပြောတတ်တဲ့အဆင့်ဖြစ်ပါတယ်။ နောက်ထပ်တစ်ဆင့်ကတော့ OK. OK. 5000 Kyat. 7 PM အစရှိသဖြင့် ဈေးနှုန်းတွေ၊ အချိန်တွေ တွေကို ပြောတတ်တဲ့အဆင့် ဖြစ်ပါတယ်။ ဒါကလည်း တက္ကဆီသမား အများစု ရတဲ့ အဆင့် ဖြစ်ပါတယ်။ နောက်ထပ်တစ်ဆင့်ကတော့ Where do you go? I studied Myanmar. My name is Aung Aung. အစရှိသဖြင့် မိမိပါ မိမိ ပြန် Introduce လုပ်တဲ့အဆင့်၊ လက်ရှိ ဖြစ်နေ၊ ရှိနေတဲ့ situation ကို ပြောပြတတ်တဲ့ အဆင့် ဖြစ်ပါတယ်။ ဒါကလည်း အတော်များများ ရပါတယ်။ နောက်ထပ် သုံးဆင့်ပဲ ရှိပါတော့တယ်။ ပထမ တစ်ဆင့်က လုပ်ငန်းခွင်မှာ အလုပ်နဲ့ ပက်သက်ပြီး ထစ်ထစ်ငေါ့ငေါ့ဖြစ်သော်ငြားလည်း အတတ်နိုင်ဆုံး ပြောနိုင်တဲ့အဆင့်နဲ့ ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်တဲ့ အဆင့် ဖြစ်ပါတယ်။ ထစ်ထစ်ငေါ့ငေါ့ ပြောနေကြသူတွေလည်း ထစ်ငေါ့ချင်တိုင်း ထစ်ငေါ့ကျတာ မဟုတ်ပါဘူး။ သူတို့ ခမျာ ပြောချင်တဲ့ စကားလုံးများ ခေါင်းထဲမှာ ရှိပေမယ့် ယင်း စကားလုံးတွေကို စကား အဖြစ် ပြောင်းလဲစေရန် အခက်ခဲ ဖြစ်ခြင်း ဖြစ်ပါတယ်။ အကယ်၍ စာလိုရေးခိုင်းရင် ရတယ်။ သူတို့က Grammar ကျေညှပ်သူများ ဖြစ်လို့ပါ။ မကြေညှပ်ရင်တောင် အနည်းဆုံး Intermediate အဆင့်လောက် ရှိတဲ့ Grammar မှာ ရှိပါတယ်။ 8 part of speeches တို့ Verb pattern တို့ကို ကောင်းကောင်း သိပြီးသူများ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ မိမိ လုပ်ကိုင်ရာ အလုပ်အမျိုးအစားမှာ ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ခြင်း ဖြစ်ပါတယ်။ ထစ်တယ်ဆိုတာကတော့ အနည်းငယ် ဖြစ်လိမ့်မယ်။ ဒါပေမယ့် မသိမသာလေးပေါ့။ သူတို့က Grammar လည်း ကျေတယ်။ ပြောလည်း ပြောနိုင်တယ်။ ဟုတ်ပြီ။ နောက်ဆုံး အဆင့်။ နောက်ဆုံးအဆင့်ကတော့ အင်္ဂလိပ်စကားကို မိမိရဲ့ Native Language နဲ့ တန်းတူနီးပါးအထိ တွေးနိုင် ပြောနိုင်ခြင်း ဖြစ်ပါတယ်။ ယင်းအဆင့်ကတော့ ရှားပါလိမ့်မယ်။ အင်္ဂလိပ်ဘာသာလို တွေးနိုင်၊ ပြောနိုင်ပြီဆိုရင် အင်္ဂလိပ်လိုလည်း ကဗျာတွေ ဆက်နိုင်ပါမယ်။ အင်္ဂလိပ်ဘာသာစကား တစ်လုံးချင်းစီရဲ့ အနုအရွလေးတွေကို သိရှိနားလည်မယ်။ ဟာသဥာဏ်လေးတွေကို အင်္ဂလိပ်ဘာသာစကားမှာ ထည့်သုံးတတ်မယ်။ အင်္ဂလိပ်ဝတ္ထုကြီးတွေကို ဖတ်နိုင်မယ်။ ကိုယ်တိုင်လည်း ကြိုးစားရေးကောင်း ရေးလိမ့်မယ်။ ဒီတော့ ယင်းကဲ့သို့ အဆင့်ဆင့် တိုးတက်ရရှိဖို့ဆိုတာ ထိုင်နေရုံနဲ့တော့ မရပါဘူး။ နေ့စဉ်နေ့တိုင်း ပြောနေ၊ တွေးနေ၊ ရေးနေ၊ ဆိုနေ ဖတ်နေ မှ ရတာမျိုးပါ။ Four Skills ခေတ်မဟုတ်တော့ပဲ Five Skill ဖြစ်လာတာ ကြာပါပြီ။ လက်အမူရာ၊ နုတ်အမူရာ၊ စကားပြောဟန်ကို အကဲခတ်ပြီးတော့ ဒီလူဟာ Yes လို့ပြောနေပေမယ့် No ကိုဆိုလိုတာလားဆိုတာကို အကဲခတ်တတ်ဖို့ကလည်း အရေးပါတဲ့ ကိစ္စ ဖြစ်လာပါတယ်။ ဒီတော့ဗျာ။ မြန်မာပြည်မှာနေတယ်ဆိုတာ မိခင်ဘာသာစကား မြန်မာစကားကို ပြောတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ မြန်မာလူမျိုး ၁၀၀ သွားရှာရင် ၁၀၀ လုံးက မြန်မာလိုပဲ ပြောပါလိမ့်မယ်။ ၁၀၀၀ ရှာမှ အင်္ဂလိပ်လို Conversate လုပ်တဲ့ လူ ၄ ယောက်လောက် တွေ့ကောင်း တွေ့ပါလိမ့်မယ်။ ဒီတော့ အင်္ဂလိပ်စာတိုးတက်မှုဟာ နှေးကွေးသွားပါတယ်။ စင်္ကာပူမှာဆိုရင် ရုံးသုံးဘာသာစကားကို အင်္ဂလိပ်ဘာသာစကားအဖြစ် သတ်မှတ်လိုက်တဲ့အခါမှာ လူတိုင်းဟာ မဖြစ်မနေကို အင်္ဂလိပ်လိုပြောရပါတော့တယ်။ အသက်ကြီးတဲ့ အဖိုးကြီး၊ အဖွားကြီးတွေတောင် ပြန်သင်ရပါတယ်။ ယင်းအကျိုးက ဘာကို ဖြစ်ထွန်းစေသလဲဆို ယနေ့ စင်္ကာပူဟာ ကမ္ဘာမှာ စီးပွားရေး အဖွံ့ဖြိုးဆုံး နိုင်ငံ ၁၀ နိုင်ငံထဲက နိုင်ငံတစ်နိုင်ငံ ဖြစ်သွားစေပါတယ်။ ဒါပေမယ့် အဲ့ဒီလိုပြောလို့ အင်္ဂလိပ်ဘာသာစကားကို ရုံးသုံးသတ်မှတ်မှ တိုင်းပြည် တိုးတက်မယ်လို့ မဆိုလိုပါ။ ဂျပန်၊ တောင်ကိုရီးယားတို့ဟာ အင်္ဂလိပ်ဟာ ညံ့ပေမယ့် ကမ္ဘာ့ထိပ်တန်းဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် သူတို့ဟာ တိုင်းပြည်မှာတင် invention (တီထွင်ဖန်တီးမှု) လုပ်နိုင်တဲ့ capacity ရှိလို့ပါ။ တိုင်းပြည်မှာ invention လုပ်နိုင်တဲ့ Capacity မရှိမှန်း သိတဲ့ စင်္ကာပူ ခေါင်းဆောင်များဟာဆိုရင် invention လုပ်နိုင်သူများကို ပိုမို ခေါ်နိုင်၊ စွဲဆောင်နိုင်ဖို့အတွက် အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် သတ်မှတ်ခဲ့ ပါတယ်။ အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်မှ မတတ်ရင် နိုင်ငံတကာရဲ့ အနိုင်ကျင့်မှုကို ခံရအုံးမှာပါပဲ။ နိုင်ငံခြားသားများဟာ မြန်မာပြည်မှာ အလုပ်လာလုပ်တဲ့အခါ သူတို့နဲ့ ဆွေးနွေးနိုင်တဲ့ မြန်မာကို ရှာရတာ ခဲပါတယ်။ ဒါကြောင့်မို့ နိုင်ငံခြားသားများဟာ နိုင်ငံခြားသားများရှိတဲ့ လုပ်ငန်းတွေ၊ ကုမ္ဗဏီတွေနဲ့ပဲ တွဲဖက်လုပ်ပါတော့တယ်။ ဒီတော့ မြန်မာလူမျိုးချည်း စုစည်းတည်ထောင်တဲ့ ကုမ္ဗဏီများဟာဆိုရင် လူဖြူပါတဲ့ ကုမ္ဗဏီနဲ့ ယှဉ်လိုက်ရင် စီးပွားရေး client ရတာနည်းပြီး တိုးတက်တာနည်းတာမျိုးတို့ကို startup လောကမှ ကြုံရ ပါတယ်။ နိုင်ငံခြားသားများက creativity မှာ ပိုကောင်းတာကြောင့် သူတို့ကို ရွေးချယ်တာလည်း မမှားပါဘူး။ ဒါပေမယ့် local အပေါ်မှာ expert ဖြစ်မှုက မြန်မာတွေက ပိုသာပါတယ်။ ဒါပေမယ့် မြန်မာတွေက local မှာ သာပေမယ့် ယင်း အားသာချက်ကို အင်္ဂလိပ်လို စာစီမပြောတတ်တဲ့ အခွင့်ရေးများဆုံးရှုံးရ ပါတယ်။ နိုင်ငံခြားသားများ လုပ်ကိုင်တဲ့ ကုမ္ဗဏီတွေမှာ လုပ်ကိုင်နေရသူများဟာ ဘာကြောင့်မို့ အင်္ဂလိပ်စာကို တတ်သင့်တယ် ဆိုတာကို သိတယ်။ အင်္ဂလိပ်တွေကိုလည်း စိတ်နာတာကြောင့် အင်္ဂလိပ်စာ တတ်ချင်တယ်။ မုန်းလို့ကို တတ်ချင်တယ်။ ချစ်တဲ့သူတွေလည်း တတ်ချင်တယ်။ အကျိုးလိုလို့ ပူးပေါင်းလုပ်ချင်လို့လည်း တတ်ချင်တယ်။ အားလုံး တတ်ချင်သူများချည်းပါပဲ။ ဒါပေမယ့် ခက်တာက learning environment ဟာ မြန်မာပြည်မှာ သိပ်မရှိပါဘူး။ အသင်အပြကောင်းတဲ့ အင်္ဂလိပ်စာ သင်တန်းဆိုတာ လက်ချိုးရေလို့ ရလောက်အောင် နည်းနည်းလေးပါ။ သင်တန်းမှာ တတ်မှာ အင်္ဂလိပ်စာ လေ့လာရတယ်လို့လည်း mindset က ဝင်နေတော့ အင်္ဂလိပ်စာက မတိုးတက်တော့ဘူး။ ဒါကြောင့်မို့ ယင်း mindset ကို ပြင်ဖို့အတွက် လမ်းလျှောက်နေရင်းလည်း ပြော၊ ဘတ်စ်ကားစီးရင်းလည်း ပြော၊ တက္ကဆီစီးရင်းလည်းပြော၊ သူငယ်ချင်းတွေနဲ့ တွေ့ရင်းလည်းပြော၊ အင်္ဂလိပ်လို ပြောနိုင်သူတွေနဲ့ တွေ့တိုင်းလည်း ပြော။ ပြောရပါတယ်။ ရှက်လို့မပြော၊ သူများ ကဲ့ရဲ့လို့ မပြောသူများကတော့ မတတ်ပါဘူး။ နိမ်တာ မဟုတ်ပါဘူး။ သူများ အင်္ဂလိပ်လို ပြောဖို့ ကြိုးစားနေသူကို အရှက်ခွဲ ရယ်စရာ အဖြစ် လှောင်သူများဟာ သူတို့ mindset မပြောင်းမချင်း တတ်မှာ မဟုတ်ပါဘူး။ ကြိုက်မရှက်၊ ငိုက်မရှက် အပြင်၊ အင်္ဂလိပ်လိုတတ်ချင်ရင် မရှက်ဖို့လည်း လိုတဲ့ခေတ်ကို ရောက်လာပါတယ်။ အင်္ဂလိပ်ဘာသာစကားကို အဓိက ဘာသာစကားလို ပြောနေတဲ့ တိုင်းပြည်ကို ရောက်နေရင်တော့ တစ်မျိုးပါ။ အင်္ဂလိပ်ဘာသာစကားကို မိခင်ဘာစကားထက် ပိုပြီးတော့ ပြောရဖို့ မဖြစ်မနေ တွန်းအားပေးတဲ့ တိုင်းပြည်မျိုးမှာ ရောက်ရင်တော့ မြန်မာစကားကို မမေ့သင့်ပါ။ အဲ့ဒီအချိန်က မိမိရဲ့ အိမ်မှာပဲ ဖြစ်ဖြစ် မြန်မာသူငယချင်းတွေနဲ့ပဲ ဖြစ်ဖြစ်၊ အွန်လိုင်းမှာပဲ ဖြစ်ဖြစ် မြန်မာလို ပြောနိုင်၊ ရေးနိုင်ပါတယ်။ ဒါတောင် မိမိရဲ့ အင်္ဂလိပ်သာစကား ညံ့နေသေးတယ်ထင်လို့ လေ့ကျင့်ရန်လိုတယ်ဆိုရင်လည်း မိမိရဲ့ သူငယ်ချင်းကို နားလည်အောင် ပြောပြီးတော့ အင်္ဂလိပ်လို ကျင့်နိုင်ပါသေးတယ်။ ဒီတော့ အခြေအနေကို ကွဲကွဲပြားပြား သိမယ်လို့ ယုံကြည် ပါတယ်။ မြန်မာပြည်မှာ ရှိနေသူများ၊ နေထိုင်သူများ ဆိုရင်ဖြင့် အတတ်နိုင်ဆုံး မိမိရဲ့ အပေါင်းသင်း မိတ်ဆွေများနဲ့ အင်္ဂလိပ်လို ပိုမို ပြောဖြစ်အောင် ပြောဖို့လိုအပ် ပါတယ်။ တိုင်းပြည်ရဲ့ Capacity မှာ မိမိတိုင်းပြည်ချည်း တစ်ကိုယ်တည်း Sustainabilty ဖြစ်ဖြစ် နေလို့ရလောက်အောင် မချမ်းသာသေးပါဘူး။ ဒါကြောင့်မို့ နိုင်ငံခြား လုပ်ငန်းတွေပိုလို့ လိုအပ်ပါတယ်။ တားလို့မရလောက်အောင်လည်း ဝင်လာနေပါတယ်။ ဒီလို ဝင်လာတဲ့ အခွင့်ရေးတွေကို မဆုံးရှုံးချင်ဘူး ဆိုရင်၊ မိမိဟာ Global village မှာ villager တစ်ဦးဖြစ်ချင်တယ်ဆိုရင် အင်္ဂလိပ်ဘာသာစကားကို အရေး၊အဖတ်၊ အပြော၊ အကြား အတတ်နိုင်ဆုံး လေ့လာဆည်းပူး ကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ် ပါတယ်။ . အောင်ခမ်း (ရိုးရာလေး) ‪www.yoyarlay.com

htunmyintwinn

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

 

Copyright @ 2013 MC Htun.